“မူဆယ်မြို့နယ်အတွင်းကြံခုတ်လုပ်ငန်းများ စတင်ဆောင်ရွက်နေ”

Powered by Drupal

             ယခုလအချိန်အခါသည် ကြံခုတ်ရာသီရောက်ရှိလာပြီဖြစ်၍ မူဆယ်မြို့နယ်အတွင်း ကြံစိုက်တောင်သူများ ကြံခုတ်လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ ယခုနှစ် ကြံတစ်တန် လျှင် ယွမ်(၃၀၀) ပေါက်ဈေးရှိပြီး ယခင်နှစ်က ကြံတစ်တန်လျှင် ယွမ်(၂၇၀) ကျော်သာရှိကြောင်း သိရသည်။

            ကြံဈေးနှုန်းမှာ ယခင်နှစ်ပေါက်ဈေးထက် ဈေးပိုရရှိသော်လည်း စိုက်ပျိုးရေးအတွက် လိုအပ် သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးဈေးနှုန်းများ ဈေးနှုန်းမြင့်တက်လာမှုကြောင့် ယခုနှစ်ကြံစိုက်ပျိုးရေး လုပ်ငန်းတွင် အကျိုးအမြတ်နည်းကြောင်းသိရှိရသည်။ ကြံခုတ်ခများမှာ ကြံတစ်စည်း လျှင် (၁၇) ချောင်းမှ အချောင်း (၂၀) ထိရှိပြီး တစ်စည်းလျှင် ကျပ် (၅၀၀) ကျော်အထိရရှိကြောင်း မူဆယ်မြို့ ကြံခုတ်လုပ်ငန်း သွားရောက်လုပ်ကိုင်သူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)