တနင်္သာရီတိုင်း၊မြိတ်မြို့ရှိမန်ကျည်းသီးမှည့်စျေးနှုန်း

Powered by Drupal

           မန်ကျည်းသီးသည် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အပူပိုင်းဒေသတို့တွင် အများဆုံးပေါက်လျက်ရှိကြောင်း သိရှိရပါသည်။ မန်ကျည်းသီးသည် မြန်မာဟင်းလျာများတွင် လွန်စွာပင်မှ အသုံးဝင်သော အစားအစာတစ်ခုဖြစ်သည်။ ပူအိုက်သောရာသီတွင် မန်ကျည်းသီးမှည့်နှင့် ထန်းလျက်ကိုရေစိမ်ပြီး မန်ကျည်းဖျော်ရည်အဖြစ် ပြုလုပ်သောက်သုံးကြပါသည်။ အိမ်ရှင်မ တို့၏ မီးဖိုချောင်၌ အမြဲနေရာယူထားသော အသီးဖြစ်ပြီး အစိမ်းပေါ်ချိန်၌ အစိမ်းစားကြသကဲ့ သို့ မှည့်သောအချိန်တွင်လည်း အစေ့ထုတ်ပြီး မန်ကျည်းသီးမှည့်များပြုလုပ်၍  သိမ်းဆည်းကြ ပါသည်။

          ယခု၂၀၂၅ခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် မြိတ်မြို့နယ်တွင် မန်ကျည်းသီးမှည့် တစ်ပိဿာလျှင်(၁၁၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)