တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ပဲပြားဈေးနှုန်း

Powered by Drupal

            လူတန်းစာမရွေး လူအများကြိုက်နှစ်သက်သည့်ပဲပြားသည် ပရိုတင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာတစ်မျိုးဖြစ်သည်။ ပဲပြားကိုကြော် ကာအစာသိပ် လုပ်စားခြင်း၊ ပဲပြားတုတ်ထိုးလုပ်စားခြင်း၊ ပဲပင်ပေါက်နှင့် ကြော်စားခြင်း၊ ပဲပြားသုပ်လုပ်စားခြင်း၊ ခရမ်းချဉ်သီးနှင့် အခြားမိမိကြိုက်နှစ်သက်ရာတို့ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးနိုင်ပါသည်။

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ဈေးများတွင် ပဲပြားများကို တစ်ပြားလျှင်(၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချဝယ်ယူလျက်ရှိကြသည်။ ပဲပြားဈေးနှုန်းမှာ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)