
ကြက်ဟင်းခါးသီးကို ထားဝယ်မြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြသလို အပိုဝင်ငွေရရှိရန်အတွက်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ထားဝယ်မြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။
ကြက်ဟင်းခါးသီးကိုပြုတ်၍ငပိရည်နှင့်တို့စရာအဖြစ်တို့စားလို့ရသလိုပုဇွန်ခြောက်နှင့် လည်းကြော်စားပါက ထမင်းမြိန်စေသည့်အပြင် ဖျော်ရည်အဖြစ်လည်း သောက်ကြပါသည်။
ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး အထောင့်ရှည်တစ်တောင့်လျှင် (၇၀၀ မှ ၈၀၀) ကျပ်နှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)