တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ခဝဲသီးဈေးနှုန်း

Powered by Drupal

             ခဝဲပင်သည် နေရာမရွေး၊ ဒေသမရွေး စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်သည်။ ခဝဲပင်သည် အပင်ရှည်နွယ်တစ်မျိုးဖြစ်ပြီး မိုးဒဏ်ခံနိုင်အောင် စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့် စိုက်ပျိုးကြ သည်။ ယခုအခါတွင် ခဝဲပင်များကို ရာသီမရွေးစိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ မြန်မာတို့သည် ခဝဲသီးကို ဟင်းချက်၍သော်လည်းကောင်း၊ ခဝဲသီးကိုပြုတ်ပြီး အတို့အမြှုပ်အဖြစ်ပြုလုပ်၍ ငါးပိရည်နှင့်တွဲဖက်၍ စားသုံးကြပါသည်။

         ယခုအခါ စည်ပင်သာယာဈေးအတွင်း ဖြစ်ပေါ်နေသော ခဝဲသီးဈေးနှုန်းမှာ အတောင့်သေး တစ်တောင့်လျှင် ၈၀၀ ကျပ်နှင့် အတောင့်ကြီးတစ်တောင့်လျှင် ၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းဈေးအတွင်း ဟင်းသီးဟင်းရွက်ရောင်းချနေသူများထံမှ သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)