ထားဝယ်မြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

           ထားဝယ်မြို့၊ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တလေးပွဲရုံများမှ ယူ၍ရောင်းချကြပြီး တစ်ပိဿာလျှင် ကျပ် ၂၅၀၀ မှ ၃၀၀၀ ဈေးနှုန်းဖြင့် ထားဝယ်မြို့ကမ်းနားပျံကျဈေးနှင့် စည်ပင်သာယာဈေးကြီးတို့တွင် ရောင်းချကြကြောင်းသိရှိရပါသည်။

             ယခုအခါတွင် ဈေးကွက်အတွင်း ထားဝယ်ဒေသမှထွက်သော ခရမ်းချဉ်သီးများဝင်လာသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)