စက်သုံးဆီစျေးနှုန်းအနည်းငယ်မြင့်တက်

Powered by Drupal

            စက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ  စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဥ်ဆီရောင်းချမှု၊ ဆီဘောင်ကားရောက်ရှိမှုအခြေအနေများကို သက်ဆိုင်ရာဌာနများမှ ကြပ်မတ်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

            ထားဝယ်မြို့နယ်တွင် စက်သုံးဆီဆိုင်(၁၀)ဆိုင်ရှိပြီ ပုံမှန်ဖွင့်လှစ်‌ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း စက်သုံးဆီစျေးနှုန်းများမှာ 92 တစ်လီတာ (၃၂၉၅) ကျပ်၊ 95တစ်လီတာ(၃၃၅၀)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာ(၂၈၆၅)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ (၃၅၀၀)ကျပ် နှုန်းဖြင့် ရောင်းချခဲ့ပြီး ဖေဖော်ဝါရီလ စတုထ္တပတ်အတွင်း 92 တစ်လီတာ (၃၃၅၀)၊ 95 တစ်လီတာ(၃၄၀၅)ကျပ်၊ ဒီဇယ်ရိုးရိုးတစ်လီတာ (၂၉၀၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာ (၃၅၆၀) ကျပ်ဖြစ်ပြီး စျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းသိရှိရပြီး စက်သုံးဆီများ ဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချမှု ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ ကြီးကြပ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)