
မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးကိုအခြေခံ၍ အသက်မွေးဝမ်းကျောင်းပြုလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သော ငရုပ်သီးကို မြင်းခြံမြို့နယ်တွင်( ၈၆၀ )ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန စာရင်းများအရသိရသည်။ ငရုပ်တွင် ကျွန်းလေးငရုပ်နှင့်မိုးတောင်ငရုပ် (ကျွန်းပေါလော)ဟူ၍ နှစ်မျိုး ရှိပြီး ကျွန်းလေးသည် အပု ၊ အပွ ဖြစ်ပြီး မိုးတောင်ငရုပ်သည် အရှည်ဖြစ်ကြောင်း အရောင်တင်မှုံ့ ၊ ငရုပ်သီးမှုံ့ပြုလုပ်သူများဝယ်ယူသုံးစွဲကြသည်ဟု သိရသည်။ စိုက်ပျိုးကာလအနေဖြင့် စက်တင်ဘာနှင့် အောက်တိုဘာလများတွင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီနှင့် မတ်လတွင်ထွက်ပေါ်ကြောင်း တစ်ဧက လျှင် ၈၀-၉၀ တင်း ထွက်ရှိကြောင်း ဈေးနှုန်းအနေဖြင့် ငရုပ်ဟောင်းတစ်ပိဿာလျှင်ငွေကျပ် ၈၀၀၀-၉၀၀၀ (အရောင်မလှ) အသစ်တစ်ပိဿာလျှင်ငွေကျပ် ၁၀၀၀၀-၁၁၀၀၀ ဈေးရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)