
မြင်းခြံမြို့နယ်တွင် ရာသီစာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ပန်းမုံလာများကို ကျေးရွာတစ်ချို့တွင် စိုက်ပျိုးထားကြပြီး စိုက်ပြီး ရက် ၈၀ အကြာတွင် ဈေးကွက်ရောင်းတန်းဝင် ပန်းမုံလာထုပ်များရရှိလို့ ဆွတ်ခူးရောင်းဝယ်ကြရာ တစ်ရက်လျှင် အပွင့်ရေ ၆၀၀ နှင့် ၇၀၀ အကြားရှိ ကြောင်း မြင်းခြံဈေးကွက်တွင် ဒေသထွက် ပန်းမုံလာများရှိသလို နယ်ဈေးကွက် အောင်ပန်းနယ် များမှထွက်ရှိသော ပန်းမုံလာများလဲ ရံဖန်ရံခါ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ဈေးနှုန်းအနေ ဖြင့် ကွာခြားမှုမရှိဘဲ ပန်းမုံလာတစ်ပွင့်လျှင် ငွေကျပ် ၅၀၀-၁၀၀၀ ဈေးရှိကြောင်းသိရသည်။ ယခုလို ဆောင်းရာသီကာလ မိသားစု မနက်အစောစာအတွက်တော့ ငွေကျပ် ၅၀၀-၁၀၀၀ ဖြင့် ဟင်းလျာ ဖြစ်ပြီး စားသုံးသူအတွက်တော့ ဈေးသင့်ကြောင်း အိမ်ရှိမတစ်ဦးထံမှ သိရသည်။ ယခင်ပန်းမုံလာ တစ်ပွင့်လျှင်ငွေကျပ် ၈၀၀-၁၅၀၀ ဈေးရှိပြီး အရောင်းအဝယ်ဈေးအေးသည်ဟု ပန်းမုံလာ လက်ကားရောင်းချသူ ကုန်သည်တစ်ဦးထံမှသိရှိရပါသည်။
DOCA(မန္တလေး)