ပွက်သားအသစ်ပေါ်သော်လည်း သကြားဈေးများတက်လျက်ရှိ

Powered by Drupal

              မန္တလေးမြို့အတွင်းသို့ ကြံထွက်ရှိရာဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ မတ္တရာမြို့အနီးရှိ တံငါရွာ၊ ပြင်ဦးလွင်၊ ရှမ်းမြောက်တို့မှ ပွက်သား(ခေါ်)သကာရည်များကို ကြံစိုက်တောင်သူများကိုယ်တိုင်ချက်၍ တင်ပို့ရောင်းချကြသည်။ ပွက်သားအသစ်များ ဝင်ရောက်လျက်ရှိသော်လည်း သကြားဈေးများတက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ စတုတ္ထပတ်တွင် ပွက်သား တစ်ပိဿာလျှင်(၂၂၀၀)၊ ပေါင်းသကြားတစ်ပိဿာလျှင်(၃၉၅၀/၃၉၈၀)ကျပ်၊ ခါသကြား တစ်ပိဿာ လျှင်(၃၉၂၀)ကျပ် အထိအရောင်းအဝယ်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စတုတ္ထပတ်တွင် ပွက်သားတစ်ပိဿာ လျှင်(၂၈၀၀/၃၀၀၀)ကျပ်၊ ပေါင်းသကြားတစ်ပိဿာလျှင်(၄၈၅၀/၄၉၅၀/၅၀၀၀)ကျပ်၊ ခါသကြား တစ်ပိဿာလျှင်(၃၈၀၀/၄၀၀၀)ကျပ် သကြားနှင့်သကာရည်ကုန်စည်ဒိုင်နေ့စဉ်ပေါက်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မတ်လကဲ့သို့ နွေရာသီအချိန်တွင် အခြားလများနှင့်မတူပဲ အချိုရည်လုပ်ငန်းများ ပိုမိုထုတ်လျှက်ရှိပြီး သကြားအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မုန့်မျိုးစုံလုပ်ငန်း၊ နို့ချက်လုပ်ငန်း၊ ယိုစုံလုပ်ငန်း၊ အရက်ချက်လုပ်ငန်းတို့မှာ ပုံမှန်လုပ်ကိုင်ကြောင်း သိရှိရပြီး သယ်ယူစရိတ်ကြီးမားခြင်းတို့ကြောင့် ပွက်သားအသစ်ထွက်သော်လည်း သကြားဈေးမှာ တက်လျှက်ရှိကြောင်း သကြားနှင့်သကာရည်ကုန်စည်ဒိုင်အသင်းမှ သိရှိရပါသည်။

DOCA(မန္တလေး)