ငါန်းဇွန်မြို့နယ်၏ အစေ့ထုတ်ပြောင်းဈေးနှုန်းဈေးကွက်

Powered by Drupal

 ငါန်းဇွန်မြို့နယ်သည် စိုက်ပျိုးရေးအခြေခံသောမြို့တစ်ခုဖြစ်ပါသည်။ အစေ့ထုတ်ပြောင်း လျာထားဧက (၄၈၆၀)ဧကလျာထားပြီး (၃၆၇၂)ဧကစိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်း များအရသိရသည်။ ရေဆင်းကျေးရွာ၊ သားကျင်ကျေးရွာ၊ကံသာ၊ကံလှ၊ ထနောင်းကုန်း၊ မရိုးကုန်း၊  မြောက်ကျွန်း၊ ဘုရားထူး၊ ရေလည်သောင် စသည့်ကျေးရွာများသည် မြစ်ရေဝင်ရောက်သည့် ကျေးရွာများဖြစ်ပြီး မြစ်ရေကျချိန်၌ ပေါ်ထွန်းလာသော ကျွန်းများပေါ်တွင် ဆောင်းသီးနှံအဖြစ် အစေ့ထုတ်ပြောင်း အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ ငါန်းဇွန်မြို့နယ်တွင် အစေ့ထုတ်ပြောင်းကို  မိုးနှင့်ဆောင်း နှစ်ရာသီစိုက်ပျိုးကြပြီး ဆောင်းတွင် စိုက်ပျိုးမှု ပို၍များကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးများမှာ CP-222 ၊ CP-808 နှင့် NK-621 တို့ကို စိုက်ပျိုးကြကြောင်းနှင့် တောင်သူအကြိုက်အများဆုံးစိုက်ပျိုးသည့်မျိုးမှာ CP-222 စိုက်ပျိုးကြပြီး မျိုးဈေးအနေဖြင့် ၅-ကီလို တစ်အိတ်လျှင်(၁၀၀၀၀၀)ကျပ်ရှိကြောင်း သိရပါသည်။ ထွက်ရှိသော ပြောင်းဆံများကို မြို့သာစက်မှု ဇုန်နှင့်မန္တလေး၊ မြင်းခြံမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ ယခင်နှစ်ဈေးနှုန်းအနေဖြင့် (၂၀၀၀၀)ကျပ်ဝန်းကျင်ရှိခဲ့ပြီး ယခု ဖေဖော်ဝါရီလ တတိယပတ်ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၂၆၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)