မြင်းခြံမြို့နယ်၌ ကုလားပဲများ လှိုင်လှိုင်ထွက်ပေါ်၍ ရောင်းအားဝယ်အား ကောင်းလျက်ရှိ

Powered by Drupal

မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်အတွင်းရှိ အနိမ့် ၊ သာပေါင်း ၊ နယ်ခြား ၊ တောင်ကျွန်း ၊ မြောက် ကျွန်း၊ တလုပ် ၊ ရဲတိုင် ၊ ဆင်ချောင်း ၊ ထနောင်းကုန်း ၊ ထနောင်းတိုင် ၊ ဗလုံ စသည့် ကျေးရွာများ တွင် စိုက်ပျိုးထားရှိသော ကုလားပဲများ ဈေးကွက်အတွင်းသို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ကုလားပဲကို မြင်းခြံခရိုင်ချုပ်စိုက်ပျိုးမှုမှာ(၃၁၄၇၇)ဧကရှိပြီး မြို့နယ်အလိုက် စိုက်ပျိုးမှု အနေဖြင့် မြင်းခြံမြို့နယ်တွင်(၁၀၅၆၅)ဧက ၊ နွားထိုးကြီးမြို့နယ်တွင်(၁၃၇၈၉)ဧက နှင့်တောင်သာ မြို့နယ်တွင်(၇၁၂၃)ဧကစိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာ ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနမှ သိရသည်။  ကုလားပဲကို ရေဝင်အရပ် ကျွန်းစိုက်နှင့်ကုန်းစိုက်ဟူ၍ နှစ်မျိုးရှိပြီး ကုန်းစိုက်ကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖေါ်ဝါရီလတွင် ရိတ်သိမ်းကြကြောင်း ၊ ကျွန်းစိုက်ကိုတော့ ဒီဇင်ဘာလတွင်စိုက်ပျိုးပြီး မတ်လတွင် ရိတ်သိမ်းကြောင်းသိရသည်။ ကုလားပဲ သည် နုန်းမြေ၊ စနယ်မြေ၊ မြေနီနဲ့မြေနက်မှာ ပိုမိုဖြစ်ထွန်းအောင်မြင်သည်ဟု ကုလားပဲစိုက် တောင်သူတစ်ဦးထံမှသိရသည်။ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကငွေကျပ် (၂၅၀၀၀၀)ခန့်သာ ကုန်ကျပြီး ကုန်းစိုက်တစ်ဧကကိုအထွက်တင်း ၁၀ - ၁၂ တင်း (ပိဿာ ၁၆၀ / ၁၉၂ ) ၊ ကျွန်းစိုက် ဆိုလျှင် ၁၅ တင်း (ပိဿာ ၂၄၀ ) ထွက်ရှိကြောင်း လက်ရှိတစ်ပိဿာ ပေါက်ဈေးနှုန်း ၄၀၀၀/-ကျပ် ဈေးရောင်းရပြီး မြို့ပေါ်ခွဲစက်နှင့်အမှုန့်ကြိတ်လုပ်ငန်းရှင်များ အဝယ်ရှိကြောင်းသိရသည်။ ကုလားပဲ ခွဲကြမ်းသစ် တစ်ပိဿာ ၅၉၀၀/- ကျပ်နှင့်အဟောင်းခွဲခြမ်းဈေးတစ်ပိဿာလျှင် ၆၃၀၀/- ကျပ် ဈေးရှိကြောင်းသိရသည်။

DOCA(မန္တလေး)