
မန္တလေးမြို့(၄၁)လမ်းအနီးတွင် နေထိုင်သူများမိသားစုစားဝတ်နေရေးအတွက် ရာသီမရွေး ရောင်းချရသော ပဲတီစိမ်းကို ပဲတီပင်ဖောက်၍ ရောင်းချလျှက်ရှိသည်။ ပဲတီစိမ်းအပင်ဖောက် ရာတွင် နှစ်ဟောင်းပဲတီစိမ်းများကို အပင်ဖောက်ရပြီး ပဲတီစိမ်းအသစ်အသုံးပြုမှုမရှိကြောင်း သိရှိရသည်။ ပဲတီပင်ဖောက်ကို ကန်စွန်းရွက်နှင့်ကြော်စား၍လည်းကောင်း၊ ပဲတီပင်ဖောက်ကို ရေနွေးဖျော၍ သုပ်စား၍လည်းကောင်း၊ ကြက်ဥနှင့်ကြော်စား၍လည်းကောင်း၊ ပဲတီချဉ်အဖြစ် လည်း စားသုံး၍လည်းကောင်း မန္တလေးမြို့တွင် မုန့်ရေပါးများထဲတွင်လည်း အနည်းငယ်ထည့်၍ အသုံးပြု၍စားလေ့ရှိပါသည်။ မန္တလေးမြို့၊ ကိုင်းတန်းဈေးရှိ ပဲတီအပင်ပေါက်လက်ကား ရောင်းချ သောဆိုင်တွင် တစ်ပိဿာလျှင်(၂၅၀၀/၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၇၀၀/၈၀၀)ကျပ်၊ ပဲတီချဉ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် တို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)