စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြို့နယ်ဦးစီးမှူးရုံးခန်းမတွင် ၆.၆.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ပြောင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပြောင်းတင်ပို့ရောင်းချမှု ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းရှင်တွေ့ဆုံပွဲတွင် ညောင်တုန်းမြို့နယ် တာဝန်ခံ ဦးအောင်လွင်က စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများပါ ဆောင်ရွက်လျှက်ရှိကြောင်း၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ပြောင်းများ စိုက်ပျိုး ထွက်ရှိလာပါက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများသို့ တင်ပို့လျှက်ရှိပြီး၊ ပြောင်းဈေးကောင်းနေပါကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်နိုင်ငံတို့၏ အစာစပ်စက်ရုံတွေကလည်း ပြောင်းစံလိုအပ်နေသောကြောင့် ပြောင်းဝယ်ယူမှုမှာလည်း အရောင်းအဝယ်သွပ်နိုင်ပါကြောင်း၊ ပြောင်းဈေးကွက် ဈေးနှုန်းမြင့်နေ၍ ဒေသတွင်း လုပ်ငန်းရှင်များအနေဖြင့် ပြောင်းသိုလှောင်မှု ကောင်းမွန်ပါက ပြောင်းဈေးကွက်မှာ ဈေးကောင်း ပိုမိုရရှိနိုင်ကြောင်း ၊ ပြည်တွင်းပြောင်းဈေးမှာ ၁ပိဿာ ၁၁၀၀ ဈေးပေါက်နေပြီး ယခုနှစ်သည် ပြောင်းနှစ်လို့ ကုန်သည်များမှလည်း ပြောဆိုနေကြကြောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပြောင်းကို စိုက်ပျိုးနေကြပြီး တောင်သူများမှာလည်း ဝင်ငွေပိုမိုရရှိနေကြောင်း၊ ပြောင်းစိုက်ပျိုးမှုကို တောင်သူများမှ လာမဲ့နှစ်များတွင် ပိုမိုစိုက်ပျိုးသင့်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)