
မန္တလေးကုန်စိမ်းစျေးကွက်အတွင်းသံပုရာသီးနှင့်သံပုယိုသီးဝင်ရောက်မှုမှာဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပုံမှန်ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ရောက်ရှိလာသည့် သံပုရာသီးမှာတောင်အင်းမြောက်အင်းကျေးရွာ၊မီချောင်းတပ်ကျေးရွာတို့မှာ စိုက်ပျိုးထွက်ရှိသည့် အသီးများနှင့် သံပုယိုသီးမှာ ရွှေစာယံကျေးရွာ၊ မီးသွေးဘုတ်ကျေးရွာတို့မှ စိုက်ပျိုး ထွက်ရှိသည့် အသီးများပိုမိုဝင်ရောက်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များနှင့်စစ်ကိုင်းတိုင်း ဒေသကြီးတို့မှလည်း ဝင်ရောက်ကြောင်းသိရှိရပါတယ်။ သံပုရာသီးနှင့် သံပုယိုသီးများမှာ မိုးရာသီ တွင် ပိုမိုထွက်ရှိပြီး၊ ဆောင်းရာသီတွင် ထွက်ရှိမှုလျော့ကျသည့်အတွက် စျေးအနည်းငယ်မြင့် ကြောင်း သိရှိရပါတယ်။ မန္တလေးကုန်စိမ်းစျေးတွင် အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိပြီး၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော သံပုရာ သီးလက္ကားစျေးမှာ ၂၅လုံးလျှင် ၄၀၀ဝိ/- နှင့် ၅၀၀ဝိ/- စျေး၊ သံပုယိုသီးလက္ကားစျေးမှာ ၂၅ လုံးလျင် ၁၅၀ဝိ/- နှင့် ၂၀၀ဝိ/-စျေး၊သံပုယိုနှင့် သံပုရာချဉ်ထုတ် တစ်ထုတ် (တစ်ပိဿာပါ)လျင် လက္ကားစျေး ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/- စျေး၊ လက်လီစျေးမှာ သံပုရာသီးတစ်လုံးလျင် ၂၀ဝိ/- နှင့် ၃၀ဝိ/-စျေး၊သံပုယိုသီးတစ်လုံးလျှင် ၁၅ဝိ/- နှင့် ၂၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါတယ်။ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ စေျးကွက်အတွင်း သံပုရာသီးနှင့် သံပုယိုသီးမှာ အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)