ကန့်ဘလူမြို့တွင် လူကြိုက်များလာသည့် ရာသီစာကြံရည် ဈေးနှုန်း

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိသည်။ ယခုအခါ ကန့်ဘလူမြို့ပေါ်တွင် ကြံရည်ရောင်းချသည့်ဆိုင်များ တစ်ဆိုင်ပြီးတစ်ဆိုင် မြင်တွေ့လာရသည်။

              နွေပူပူနှင့် ကြံရည်အေးအေးလေးက လိုက်ဖက်ပြီး စိတ်ကိုကြည်လင်လန်းဆန်းစေသော ကြောင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ စတုတ္ထပတ်တွင် ရောင်းချနေသော ကြံရည်ဈေးနှုန်းမှာ ခွက်ကြီးတစ်ခွက်လျှင် (၁၅၀၀)ကျပ်၊ ခွက်သေးတစ်ခွက်လျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ သဘာဝအတိုင်း ပြုလုပ် ရောင်းချခြင်းဖြစ်ကြောင်း ကြံရည်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)