ပခုက္ကူမြို့၌ဖြစ်ပေါ်နေသော ဖရဲသီးဈေးနှုန်းများ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ သစ်သီးမျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရာသီ ပေါ် ဖရဲသီးများလည်း စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသထွက် သီးနှံအပြင် မန္တလေးနှင့်ပြင်ဦးလွင်မြို့များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဖရဲသီးသည် အရည်ရွှန်း၍ ချိုပြီး အေးမြသောသီးနှံဖြစ်၍ ဝယ်ယူစားသုံးမှုများကြောင်း၊ အသီးကို စိတ်၍သော်လည်းကောင်း ဖျော်ရည်လုပ်၍သော်လည်းကောင်း စားသုံးမှုများကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် သကြားဖရဲသီးတစ်လုံးလျှင် အလုံးကြီး ကျပ်(၆၀၀၀)၊ အလုံးလတ် ကျပ်(၅၀၀၀)၊ အလုံးသေး ကျပ်(၃၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ယခင်ဖေဖော်ဝါရီ(တတိယပတ်)နှင့် နှိုင်းယှဉ်ပါကဖရဲသီးတစ်လုံးလျှင် ကျပ်(၂၀၀)ခန့် ဈေးအနည်းငယ်လျော့နည်းလာကြောင်း၊ ဆောင်းအကုန် နွေဦးရာသီရောက်ရှိချိန်ဖြစ်၍ ဝယ်ယူစားသုံးမှု များ၍ အရောင်းအဝယ်သွက်ကြောင်း မြို့ပေါ်ရှိ သစ်သီးအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)