ပခုက္ကူမြို့၌ ဖြစ်ပေါ်နေသောစတော်ဘယ်ရီသီးဈေးနှုန်းများ

Powered by Drupal

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးနှင့် ပန်းခြံဈေးတို့တွင် အသီးမျိုးစုံ ရောင်းချသည့် ဆိုင်များတွင် စတော်ဘယ်ရီသီးများလည်း လှိုင်လှိုင်ရောင်းချနေရကြောင်း၊ ဈေးကွက် အနေဖြင့် ပခုက္ကူမြို့သည် သီးနှံမျိုးစုံစိုက်ပျိုးရာဒေသဖြစ်သော်လည်း ရေမြေ ရာသီဥတုနှင့်မကိုက်ညီ၍ စတော်ဘယ်ရီပင်များစိုက်ပျိုးခြင်းမရှိ၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့မှ ဝယ်ယူရောင်းချရ ကြောင်း သိရသည်။

          စတော်ဘယ်ရီသီးကို ဆောင်းအကုန်နွေအကူးရာသီချိန်ရောက်ရှိ၍ အပူချိန်အနည်းငယ်မြင့် တက်လာခြင်းကြောင့် စားသုံးသူများမှ သရေစာအဖြစ် အသီးလိုက်စားခြင်းအပြင် ဖျော်ရည်အဖြစ်လည်း ပြုလုပ်စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် စတော်ဘယ်ရီသီး (၂၅) ကျပ်သားလျှင် ကျပ်(၅၀၀၀)၊ တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ကျန်းမာရေးနှင့်ညီညွှတ်သောသီးနှံဖြစ်၍ လူကြီးလူငယ်မရွေးဝယ်ယူစားသုံးကြကြောင်း ပခုက္ကူမြို့ သစ်သီးရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)