နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင်၏ မေလအတွင်း ကုန်သွယ်မှုအခြေအနေများ

Powered by Drupal

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုဖြင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်အားလျော်စွာ ပို့ကုန်ပမာဏတိုးမြှင့် တင်ပို့နိုင်ရေးနှင့် ပို့ကုန်အမယ်သစ်များ ရှာဖွေတင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ နယ်စပ်ကုန်သွယ်ရေးပိုင်းတွင် ရှမ်းပြည်နယ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်(၁၀၅)မိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်တို့တွင် ကုန်သွယ်မှုများစွာ လုပ်ဆောင်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင်၏ မေလအတွင်း ကုန်သွယ်မှုအခြေအနေများမှာ ဖရဲသီး တစ်လုံးလျှင် အနိမ့်ဆုံးဈေး (၈၀၉)ကျပ်ဖြင့် (၁၃၂၄.၅)တန်ကိုလည်းကောင်း၊ သခွားမွှေး တစ်လုံးလျှင် အနိမ့်ဆုံးဈေး(၇၆၂)ကျပ်ဖြင့် (၈၆၀.၅)တန်ကိုလည်းကောင်း၊ ရာဘာ တစ်ပေါင်လျှင် အနိမ့်ဆုံးဈေး(၉၂၃)ကျပ်မှ အမြင့်ဆုံးဈေး (၁၀၂၅)ကျပ်ဖြင့် (၁၃၄၆)တန်ကိုလည်းကောင်း၊ ဆန် တစ်အိတ်လျှင် (၂၄၅၅၂)ကျပ်မှ (၂၆၁၂၈)ကျပ်ဖြင့် (၃၁၀၄)တန်ကိုလည်းကောင်း၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၃၄၃)ကျပ်မှ (၆၇၂)ကျပ်ဖြင့် (၂၉၄၄.၅၄) တန်ကိုလည်းကောင်း၊ ပဲတီစိမ်း တစ်တင်းလျှင် (၄၀၈၉၃)ကျပ်မှ (၄၆၇၇၂)ကျပ်ဖြင့် (၂၄၆၂၄.၇၅)တန်ကို လည်းကောင်း၊ ပဲယင်း တစ်တင်းလျှင် (၂၇၀၆၆)ကျပ်မှ (၃၀၈၃၇)ကျပ်ဖြင့် (၁၇၂၄.၆)တန်ကိုလည်းကောင်း၊ ပဲကြီး တစ်တင်းလျှင် (၃၁၆၉၈)ကျပ်မှ (၃၈၃၃၅)ကျပ်ဖြင့် (၉၈၃.၃)တန်ကိုလည်းကောင်း၊ မြေပဲဆံ တစ် တင်းလျှင် (၃၇၉၈၉)ကျပ်မှ (၄၅၅၆၂)ကျပ်ဖြင့် (၃၂၃.၉)တန်ကိုလည်းကောင်း၊ မြေထောက်ပဲ တစ်တင်းလျှင် (၃၆၇၃၉)ကျပ်မှ (၃၈၃၃၅)ကျပ်ဖြင့် (၁၀၀၃.၈)တန်ကိုလည်းကောင်း၊ နှမ်း တစ်တင်းလျှင် (၄၈၉၀၄) ကျပ်မှ (၅၄၆၉၈)ကျပ်ဖြင့် (၂၇၄၁.၅)တန်ကိုလည်းကောင်း၊ ပဲလွန်းဖြူ တစ်တင်းလျှင် (၂၄၀၅၃)ကျပ်မှ (၂၇၆၉၃)ကျပ်ဖြင့် (၅၉၀.၃)တန်ကိုလည်းကောင်း၊ ပဲနီကြား တစ်တင်းလျှင် (၂၃၀၅၁)ကျပ်မှ (၂၉၄၈၉) ကျပ်ဖြင့် (၂၃၀၀.၈၅)တန်ကိုလည်းကောင်း၊ ထောပတ်ပဲ တစ်တင်းလျှင် (၃၁၆၉၈)ကျပ်မှ (၃၈၃၃၅) ကျပ်ဖြင့် (၁၃၁၅)တန်ကိုလည်းကောင်း၊ ဆန်ကွဲ တစ်တင်းလျှင် (၂၄၉၃၀)ကျပ်မှ (၂၆၉၈၀)ကျပ်ဖြင့် (၉၀၈၈.၁)တန်ကိုလည်းကောင်း၊ ပဲတီစိမ်းခြမ်း တစ်တင်းလျှင် (၅၇၁၃၇)ကျပ်မှ (၆၄၄၉၄)ကျပ်ဖြင့် (၄၀၁၁) တန်ကိုလည်းကောင်း၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၄၂၆၇၄)ကျပ်မှ (၄၃၈၉၆)ကျပ်ဖြင့် (၁၀၂)တန်ကိုလည်း ကောင်း အသီးသီးတင်ပို့နိုင်ခဲ့ပြီး မေလအတွင်း နွားနှင့် ဆိတ်များကိုတော့ တိရစ္ဆာန်ကျန်းမာရေးစခန်း (AQS)တွင် ယာယီထိန်းသိမ်းထားရှိနေတာဖြစ်လို့ ဒေသနေပြည်သူများစားသုံးရန်နှင့် လယ်ယာလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အရောင်းအဝယ်များရှိကြောင်းသိရပြီး မွေးမြူရေးခြံ (၁၈)ခုတွင် နွား (၂၇၁၀)ကောင်နှင့် ဆိတ် (၂၀၆)ကောင် ရှိနေကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ သတင်းရရှိပါတယ်။

DOCA(ရှမ်း)