Ready madeများကို အန်တုနေသည့် မြန်မာ့ရိုးရာ မုန့်ကျွဲသည်း

Powered by Drupal

  မုန့်ပဲသရေစာများတွင် ပြည်တွင်း၊ပြည်ပမှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် အသင့်စား မုန့်အမျိုးမျိုးရှိသည့်အနက် အညာဒေသထွက် မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သည့် မုန့်ကျွဲသည်း သည်လည်း ဈေးကွက်အတွင်း နေရာတစ်ခုရရှိနေကြောင်း သိရှိရသည်။

             မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်း ရောင်းချလျက်ရှိသည့် မု့န်ကျွဲသည်းများကို ဆန်မှုန့်၊ ထန်းလျက်(သို့မဟုတ်)သကြား၊ ဆီ၊ ဆား၊ ထုံးရည်ကြည်၊ အုန်းသီးတို့ဖြင့် ကျိုချက်ရကြောင်း၊ ထန်းလျက်ဖြင့် ကျိုချက်ပါက အညိုရောင်ရရှိပြီး သကြားဖြင့် ကျိုချက်ပါက အဖြူရောင်ရရှိကြောင်း၊ ထန်းရည်ချိုရရှိချိန်တွင် ထန်းလျက်၊သကြားအစား ထန်းရည်ချိုကို ထည့်သုံးကြောင်းနှင့် ထန်းရည်ချိုဖြင့် ကျိုချက်ပါက အနံ့အရသာပိုမိုကောင်းမွန်ကြောင်း၊ မုန့်ကျွဲသည်း တစ်ဗန်းလျှင် ကုန်ကျငွေ ၁၅၀၀၀ ကျပ်ရှိပြီး အရောင်းဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ တစ်ပိဿာ လျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချရသဖြင့် အလေးချိန်(၄)ပိဿာရှိ မုန့်ကျွဲသည်းတစ်ဗန်းလျှင် အမြတ်ငွေ ၉၀၀၀ ကျပ်ရရှိကြောင်းနှင့် တစ်ရက်လျှင် (၃)ဗန်းပုံမှန်ကျိုချက်ရပါကြောင်း၊ ဈေးကွက် အနေဖြင့် ဆိုင်ကယ်နယ်လှည့်ဈေးသည်များသို့ (၂၅)ကျပ်သားအထုပ်များထုပ်၍ ဖေါက်သည်ပေးရ သဖြင့် ဝယ်သူမျှော်ရသည့်အခက်အခဲမရှိပါကြောင်းနှင့် တောင်သူလုပ်ငန်းကို အဓိကလုပ်ကိုင်ရင်း တစ်ဖက်တစ်လမ်းမှ နေ့စဉ်ပုံမှန်ဝင်ငွေရရှိနေသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် မိသားစုစီးပွား ရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)