“မုန်လာဥနီ(သို့)ခါကြက်ဥ”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်သည် အေးမြသောရာသီဥတုရှိသော တောင်ပေါ်မြို့ ဖြစ်ပါသည်။နှစ်ရှည်သီးနှံအပြင် ရာသီပေါ်သီးပင်စားပင်များစိုက်ပျိုးဖြစ်ထွန်းပါသည်။ မုန်လာဥနီ(ခ) ခါကြက်ဥပင်သည် နေရာအနှံ့စိုက်ပျိုးနိုင်သောအပင်ဖြစ်ပြီး အအေးပိုင်းဒေသတွင်ပိုမိုစိုက်ပျိုးဖြစ်ထွန်း ပါသည်။ပြင်ဦးလွင်တွင်လည်း မုန်လာဥနီ(ခ)ခါကြက်ဥကိုလည်း စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပါသည်။ ဒေသမျိုးအပြင် နိုင်ငံခြားမျိုးများစွာရှိပြီး ကိုရီးယားခါကြက်ဥအမျိုးအစား F-1 ကိုပိုမိုစိုက်ပျိုးပါသည်။ အရည်အသွေးကောင်းပြီး အထွက်နှုန်းကောင်းမွန်ပါသည်။မြေဆီလွှာကောင်းမွန်သော မြေပွများတွင် ပိုမိုဖြစ်ထွန်းပါသည်။ မုန်လာဥနီ(သို့)ခါကြက်ဥကို အောက်တိုဘာလမှဖေဖော်ဝါရီလအထိစိုက်ပျိုးပြီး မြေပြန့်ဒေသတွင် စက်တင်ဘာလမှနိုဝင်ဘာလအထိစိုက်ပျိုးပါသည်။အညှောင့်ပေါက်ကောင်းစေရန် ရေတွင်(၂၄)နာရီစိမ်ပြီးစိုက်ပျိုးနိုင်ပါသည်။မျိုးစေ့ချပြီးရေအနည်းငယ်ပေးသွင်းရပါသည်။ရေကို(၄-၅) ရက်ခြားပေးသွင်းရပါသည်။ မုန်လာဥနီ(သို့)ခါကြက်ဥကို စိုက်ပျိုးပြီး(၃-၄)လကြာလျှင် ဖော်ယူနိုင် ပါသည်။(၁)ဧကလျှင် မျိုးစေ့(၁)ကီလို စိုက်ပျိုးနိုင်ပြီး အနံ(၃)ပေ အရှည်ကို လိုအပ်သလိုစိုက်ပျိုးနိုင် ပါသည်။ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မြေပြင်ခ ၊ သွင်းအားစု ၊ လုပ်သားခ စုစုပေါင်း(၄၀)သိန်းခန့် ကုန်ကျပါသည်။ (၁)ဧကလျှင် ကုန်ပိဿာချိန်(၁၀၀၀၀)ကျော်ထွက်ရှိပြီး ယခုအချိန်တွင် မုန်လာဥနီ (သို့)ခါကြက်ဥကို (၁)ပိဿာလျှင် (၁၂၀၀-၁၅၀၀)ကျပ်ရရှိပြီး (၁)ဧက အကျိုးအမြတ်အနေဖြင့် သိန်း(၁၀၀)ကျော်ရရှိပါသည်။မုန်လာဥနီ(သို့)ခါကြက်ဥကိုနေရာအနှံ့အပြားတင်ပို့ပါသည်။မုန်လာဥနီ (သို့)ခါကြက်ဥကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်နိုင်သလို အသုပ်သုပ်၍သော်လည်းကောင်း၊ သွားရည်စာအဖြစ် မုန့်နှင့်ခါကြက်ဥဖျော်ရည်အဖြစ်လည်းကောင်း အမျိုးမျိုးပြုလုပ်စားသောက်ကြပါ သည်။မုန်လာဥနီ(သို့)ခါကြက်ဥတွင် ဗီတာမင်(အေ)၊ဗီတာမင်(အီး)သတ္တူဓာတ်များ၊ လူအကျိုးပြု ဓာတ်များစွာပါဝင်ပြီး အစာခြေဖျက်အားကောင်းမွန်ခြင်း ၊အသားအရည်ကောင်းမွန်ခြင်း၊ မျက်စိအား ကောင်းခြင်းစသော အကျိုးကျေးဇူး များစွာရှိကြောင်းတင်ပြအပ်ပါသည်။

DOCA(မန္တလေး)