“မြစ်သားမြို့နယ်၏ပဲစဉ်းငုံစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

          ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် စပါး၊ ပဲ၊ နှမ်း၊ ငရုတ်စသည့် သီးနှံများစိုက်ပျိုးမှုများ သော်လည်း ပဲမျိုးစုံ အနက်မှ ပဲစဉ်းငုံသီးနှံကိုလည်း စိုက်ပျိုးကြပါသည် ။ ပဲစဉ်းငုံကို မြစ်သား မြို့နယ်တွင်(၂၅၆)ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရသိရှိရပါသည်။ ပဲစဉ်းငုံစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၂၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း ၊ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး ၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း ၊ မိမိစိုက်ခင်းမှ မျိုးကိုချန်ပြီး စိုက်ပျိုးမှုရှိသလို စိုက်ပျိုးချိန်ရောက်မှဝယ်ယူ၍ စိုက်ပျိုးမှုများရှိကြောင်း ၊ ဇွန်၊ ဇူလိုင်လများတွင်စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း ၊ အထွက်နှုန်းအနေဖြင့်(၉-၁၀)တင်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ် ပဲစဉ်းငုံစျေးနှုန်းအနေဖြင့် တစ်တင်း လျှင်(၁၀၈၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး ယခုအချိန်တွင်(၉၄၀၀၀/-)ကျပ် စျေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ၊ တောင်သူများမှ ပဲစဉ်းငုံများကို မြို့ပေါ်ရှိပွဲရုံများသို့ သွားရောက်‌ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း ၊ (၁)ဧက အကျိုးအမြတ် အနေဖြင့်(၅၉၀၀၀၀)ကျပ် ဝန်းကျင်ခန့်မြတ်ကြောင်း ပဲစဉ်းငုံစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)