မြုပ်သခွားသီး(ခ)သခွားသီးအရှည်စိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

   မြန်မာနိုင်ငံသည်စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည့်အတွက် တောင်သူများသည်သီးနှံ စိုက်ပျိုးခြင်း ၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းကို အဓိကဆောင်ရွက်နေကြပါသည်။ မန္တလေးတိုင်း ဒေသကြီး၊  ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် မိသားစုအပိုဝင်ငွေရရှိအောင်သီးထပ် သီးညှပ်ပင်များအပြင်အလွယ်တကူခူးဆွတ်၍ ဝင်‌ငွေရအောင် ဟင်းသီးဟင်းရွက်အပင်များကိုအလေး ထားစိုက်ပျိုးလာကြသည်ကိုတွေ့ရှိရပါသည် ။ ဟင်းသီးဟင်းရွက်များထဲတွင် မြုပ်သခွား (ခ) သခွား အရှည်သီးများကို စိုက်ပျိုးလာကြပါသည်။ သခွားအရှည်သီးကို ရာသီမရွေး စိုက်ပျိုး၍ရကြောင်း၊ စိုက် ပျိုးပြီး(၃)လခန့်ကြာပါက သခွားအသီးများ စတင်၍ခူးဆွတ်ပြီး စားသုံးနိုင်ကြောင်း ၊ သခွား(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၃၅၀၀၀၀-၄၀၀၀၀၀)ကျပ် ခန့်ကုန်ကျကြောင်း ၊ သခွားသီးဈေးနှုန်းအနေဖြင့် လက်ကားစျေး အကြီး(၁)လုံးလျှင် (၂၅၀)ကျပ် ၊ အလတ်(၁)လုံးလျှင်(၂၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၁၅၀)ကျပ်ရှိကြောင်း၊ လက်လီ ဈေးအနေဖြင့် အကြီး(၁)လုံးလျှင်(၄၀၀)ကျပ် ၊ အလတ်(၁)လုံးလျှင်(၃၀၀)ကျပ် ၊ အသေး(၁)လုံးလျှင် (၂၀၀)ကျပ် ဈေးနှုန်းများဖြင့်ရောင်းချရကြောင်း၊သခွားသီးကို(၂)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း၊တစ်ကြိမ်ခူးလျှင်သခွားသီးအ‌ရေအတွက်မှာ ကြီး၊ လတ်၊ သေး(၃၀၀-၄၀၀)လုံးအထိ ထွက်ရှိကြောင်း၊ (၂)ရက်ခြား ပျမ်းမျှဝင်ငွေ(၇၀၀၀၀)ကျပ်ရှိကြောင်း၊သခွားသီးကို စိုက်ခင်းအထိ လာရောက်ဝယ်ယူပြီး ဈေးအတွင်း သို့ဖြန့်ဖြူးရောင်းချခြင်းများရှိကြောင်းသိရှိရပါသည်။(၁)ဧက အကျိုးအမြတ်အနေဖြင့်(၈၀၀၀၀၀- ၁၀၀၀၀၀၀)ကျပ်ဝန်းကျင်မြတ်ကြောင်း၊တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ကုန်ကျသက်သာပြီး မိသားစုအပိုဝင်ငွေရရှိသော မြုပ်သခွားသီး(ခ)သခွားသီးအရှည်သီးကို စိုက်ပျိုးသင့်ပါကြောင်း သခွား စိုက်တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)