
၂၅.၂.၂၀၂၅
မန္တလေးမြို့တွင်းသို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် မိုးကုတ်ဒေသများမှ ဂရိတ်ဖု သီးများ ဝင်ရောက်လျှက်ရှိပါသည်။ ဂရိတ်ဖုသီးကို ဖျော်ရည်လုပ်၍ သောက်သုံးခြင်းအားဖြင့် သွေးတိုးကိုကျစေပြီး ရာသီဥတုပူလာသည့်အခါ အသက်အရွယ်ကြီးသူများကို ဂရိတ်ဖုဖျော်ရည် တိုက်ပေးခြင်းအားဖြင့် မောပမ်းမှုဒဏ်ကိုခံနိုင်သည့်အတွက် လူကြီးများအတွက် သင့်တော်သည့် ဖျော်ရည်တစ်မျိုးအဖြစ် မှီဝဲကြပါသည်။ ဂရိတ်ဖုဈေးနှုန်းဈေးကွက်အနေနှင့် မြစ်ကြီးနားနယ်မှ ဝင်ရောက်သည့်အသီးများမှာ ၂၅ လုံးလျှင် ၁၄၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် မိုးကုတ်ဒေသမှ ဝင်ရောက်သည့်အသီးအနေနှင့် ၂၅ လုံးလျှင် ၁၅၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်၊ လက်လီဈေးနှုန်း အနေနှင့် တစ်လုံးလျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ ဈေးနှုန်းရှိပြီး၊ ဂရိတ်ဖု ဖျော်ရည် ၁ ခွက်လျှင် ၅၀၀၀ ကျပ်ဈေးနှုန်းများနှင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျှက် ရှိပြီး ယခုရက်ပိုင်းအတွင်း မန္တလေးမြို့သည် နေ့အခါတွင်ပူသည့်အတွက် ဂရိတ်ဖုသီးများအနေနှင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)