မြေပဲစျေးနှုန်းစျေးကွက်

Powered by Drupal

 မန္တလေးတိုင်းဒေသကြီးမှာ ဆီထွက်သီးနှံအများအပြား စိုက်ပျိုးသည့်တိုင်းဖြစ်ပြီး၊သီးနှံ ကို မိုးမြေပဲနှင့်ဆောင်းမြေပဲအဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၀၃၇၅၂ ဧက၊ရိတ်သိမ်းမှု ၃၁၀၀၇၉ ဧက၊အထွက်နှုန်း ၄၂.၆၅ တင်း၊ အထွက်စုစုပေါင်း ၁၃၂၂၃၆၄၉ တင်းဖြစ်ကြောင်း သိရပါတယ်။ နိုင်ငံတော်မှ‌ ဆီထွက် သီးနှံမြေပဲ၊နှမ်းနှင့်နေကြာသီးနှံများ ကြိတ်ခွဲသည့်စားသုံးဆီများဖြင့် ပြည်တွင်းစားဆီ ဖူလုံမှုရှိစေရေး၊ စားဆီများတင်သွင်းမှုလျော့ချနိုင်ရေးတို့အတွက် တွန်းအားပေးဆောင်ရွက် လျက် ရှိကြောင်း သိရပါတယ်။ စားဆီကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းများ တိုးတက်စေရန်အတွက် နိုင်ငံတော်မှချေးငွေထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလ နောက်ဆုံး ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင်  S1 လုံးဆံ(အညာ)၈၄၀၀ကျပ်နှင့် ၈၅၀၀ ကျပ်၊ S1 လုံးဆံ(မြင်းမူ) ၉၅၀၀ ကျပ်နှင့် ၉၆၀၀ ကျပ်၊ S1 ဆီဆံ ၈၃၀၀ ကျပ်နှင့် ၈၄၀၀ ကျပ်၊ M တွဲလုံးဆံ ၉၀၀၀ ကျပ်နှင့် ၉၀၅၀ ကျပ်၊ အနီလုံးဆံ ၈၀၀၀ကျပ်နှင့် ၈၁၀၀ကျပ်၊အနီဆီဆံ ၇၃၀၀ ကျပ်နှင့် ၇၈၀၀ ကျပ်၊ပြန့်ဆီဆံ ၈၈၀၀ ကျပ်နှင့် ၈၈၅၀ကျပ်နှင့်ပဲဖတ်စျေးမှာ ၅၇၀၀ကျပ်ဖြစ်ကြောင်းသိရပါတယ်။ ယခင်နှစ်ကာလတူ ပေါက်စျေး မှာ S1လုံးဆံ(သစ်) ၇၃၀၀ကျပ်နှင့် ၇၅၀၀ကျပ်၊S1လုံးဆံ(သစ်)မြင်းမူ ၈၃၀၀ကျပ်နှင့်၈၇၀၀ကျပ်၊ အနီလုံးဆံ ၈၂၀၀ ကျပ်နှင့် ၈၇၀၀ ကျပ်၊S1 ဆီဆံ ၆၈၀၀ ကျပ်နှင့် ၇၆၀၀ကျပ်၊ပြန့်လုံးဆံ ၆၇၀၀ ကျပ်နှင့် ၆၈၀၀ကျပ်၊ပြန့်ဆီဆံ ၆၆၀၀ကျပ်နှင့် ၆၇၀၀ကျပ်တို့ ဖြစ်ပေါ်ခဲ့ပြီး၊ယခုနှစ် မြေပဲဆံ ပေါက်စျေးမှာ တစ်ပိဿာလျင် ၁၀၀၀ ကျပ်ပိုမိုရရှိကြောင်း သိရပါတယ်။ မြေပဲဆံဝင်ရောက်မှု အပေါ်မူတည်၍ စျေးနှုန်းအနေဖြင့် ရက်အလိုက်အနည်းငယ်ပြောင်းလဲမှုရှိနိုင်ကြောင်း သိရပါ တယ်။ မြေပဲသီးနှံမှာ စားသုံးဆီကြိတ်ခွဲခြင်းနှင့်စားသောက်ကုန်အမျိုးမျိုးတို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်း စျေးကွက်လိုအပ်ချက်များပြီး၊ပြည်ပတင်ပို့သည့်စျေးကွက်ဝင်ဆီထွက် သီးနှံ ဖြစ်ကြောင်းသိရပါတယ်။   

DOCA(မန္တလေး)