
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ဘိုစားပဲကိုလည်း စိုက်ပျိုးလျက်ရှိပြီး ရာသီစာ ဘိုစားပဲစိုကို ကန့်ဘလူမြို့မဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ် နေသော ကန့်ဘလူမြို့၏ ဘိုစားပဲစို ဈေးနှုန်းများမှာ ဘိုစားပဲစို တစ်ပြည်လျှင်(၉၅၀၀)ကျပ်၊ ဘိုစားပဲစို နို့ဆီ တစ်ဘူးလျှင် (၁၂၀၀) ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)