ပြည်မြို့၏ ပန်းဂေါ်ဖီစိမ်းဈေးနှုန်းဈေးကွက်

Powered by Drupal

          ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းများကို ပန်းဂေါ်ဖီအဖြူကဲ့သို့ အအေးကြိုက်ကြပါသည်။ စက်တင်ဘာလ တွင် စတင်စိုက်ပျိုးပြီး ဆောင်းရာသီရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြ ပါသည်။ အေး၍ခြောက်သွေ့ သောဒေသများတွင် ပန်းဂေါ်ဖီအစိမ်းမှာ အပင်သက်တမ်း(၁၁)လခန့် အထိကြာမြင့်သည်ဟုသိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးသည့် နေရာများမှာ အောင်ဆန်း ပြည်သာယာဘက်ရှိ ဉယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ သဲဆန်သော နုန်းမြေများတွင် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့အနေဖြင့် ပေါင်ဝက်ခန့် လိုအပ်သည်ဟုသိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းကို စိုက်ပျိုးပြီး ၂လခွဲ ၃လအကြာတွင် စတင်ခုတ်ယူနိုင်ပြီး အချိန်မှီမခုတ်ပါက ပန်းပွင့်မှာ အရောင်ပြောင်းသွားသည်ဟုသိရပါသည်။ ပန်းဂေါ်ဖီအစိမ်း တစ်ဧကလျှင် မျိုးအလိုက် ကွာခြားပြီး မျိုးကောင်းလျှင် ကောင်းသလိုတစ်ဧကလျှင် ပျမ်းမျှအပွင့်ရေ ၁၅၀၀-၂၀၀၀ခန့်ထွက် ရှိသည်ဟုသိရပါသည်။

          ပန်းဂေါ်ဖီစိမ်း ဈေးနှုန်းဈေးကွက်အနေဖြင့် ပြည်ဈေးကွက်တွင် ယခုအချိန်တွင် ဈေးကောင်း ရနေပြီး တစ်ပွင့် လျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ အပွင့်သေးလျှင် (၉၀၀-၁၀၀၀)ကျပ်အထိ ရောင်းချ ကြောင်း သိရှိရပါသည်။ ပြည်ဒေသတွင် စိုက်ပျိုးသောပန်းဂေါ်ဖီစိမ်းမှာ ဒေသတွင်းသာ စားသုံးပြီး နယ်သို့တင်ပို့ ရောင်းချခြင်းမရှိဟု သိရှိရပါသည်။ ပန်းဂေါ်ဖီအစိမ်းမှာ ပန်းဂေါ်ဖီအဖြူထက် ဈေးကောင်းပြီး လူကြိုက်များသဖြင့် ပိုမိုတိုးချဲ့စိုက်လျှင် စိုက်ပျိုးသူအဖို့ ပိုမိုအကျိုးအမြတ် ဖြစ်ထွန်းမည်ဖြစ် ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)