
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၉၉၀၀၀) ကျပ်မှ အမြင့်ဆုံး (၁၀၀၀၀၀) ကျပ်ထိရှိပြီး ယခုဖေဖော်ဝါရီလနောက်ဆုံးသတင်းပတ်မှာတော့ ပိဿာ(၂၀) တစ်တင်း ကို(၉၅၀၀၀) ကျပ်ခန့်မှ(၉၆၈၀၀)ကျပ်ထိရှိပါသည်။ စီးထွက်မှုအနေဖြင့် ဖေဖော်ဝါရီလနောက်ဆုံး သီတင်းပတ်အတွင်းထိ (၁၃၆၂၀၀) အိတ်ခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)