ကန့်ဘလူမြို့တွင် ရောင်းချနေသော တီလားဗီးယားငါး ဈေးနှုန်း အခြေအနေ

Powered by Drupal

           ကန့်ဘလူမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ တီလားဗီးယားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

           ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်တွင် ကန့်ဘလူမြို့၏ တီလားဗီးယားငါးဈေးနှုန်းများ အနေဖြင့် တီလားဗီးယားငါး(အကြီး)တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ တီလားဗီးယားငါး (အသေး)တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း တီလားဗီးယားငါးသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)