ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော တောကြက်ဟင်းခါးသီး ဈေးနှုန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီးကိုလည်း ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာများမှ စင်ထိုးစိုက်ပျိုးခြင်းနှင့် ခြံစည်းရိုးပေါ် တင်ပြီးလည်း စိုက်ပျိုးကြပြီး ကန့်ဘလူ မြို့မဈေးသို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်း အဝယ် ဖြစ်လျက်ရှိ ကြောင်းသိရ သည်။

             ၂၀၂၅ ခုနှစ်၊    ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ တောကြက် ဟင်းခါးသီး နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)