
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးရံ့ဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ စတုထ္ထပတ်တွင် ကန့်ဘလူမြို့၏ ငါးရံ့ ဈေးနှုန်းများ အနေဖြင့် ငါးရံ့(အကြီး)တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ငါးရံ့(အသေး)တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် (၂၅)ကျပ် သားလျှင် (၅၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးသည်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)