ကန့်ဘလူမြို့နယ်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းများ ထပ်မံကျဆင်းလျက်ရှိ

Powered by Drupal

          ကန့်ဘလူမြို့ရှိ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ဒေသထွက် ခရမ်းချဉ်သီး များနှင့်ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီး များကို မန္တလေးတိုင်းဒေသကြီး မှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

            ယခင် ဖေဖော်ဝါရီလ တတိယအပတ်တွင် ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ရိုးရိုး ဗမာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၂၀၀/၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၃၀၀)ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံး အကြီး/အသေးပေါ် မူတည်၍ တစ်ပိဿာလျှင် (၇၀၀/၈၀၀) ကျပ်ဖြစ်ကာ(၅၀)ကျပ်သားလျှင်(၄၀၀/၃၅၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင်(၃၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ စတုထ္ထအပတ်တွင် ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ရိုးရိုး ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၅၀၀)ကျပ်၊ နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံး အကြီး/အသေးပေါ် မူတည်၍ တစ်ပိဿာ လျှင်(၆၀၀/၇၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၃၀၀/၃၅၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပြီး ယခင် ဖေဖော်ဝါရီလ တတိယအပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်မည့်ဆိုပါက  ခရမ်းချဉ်သီး ဈေးနှုန်း ဆက်လက် ကျဆင်းလျက်ရှိပြီး အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်း အဝယ် လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)