တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ရှိခဝဲသီးဈေးနှုန်း

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဆိပ်ငယ်စည်ပင်သာယာဈေးနှင့် စမ်းချောင်းကုန်စိမ်း ဈေးများတွင် နေ့စဉ်ဈေးရောင်းသူဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများဒေသ ထွက်ကုန်များအပြင်တခြားဒေသမှ ဝင်ရောက်သည့် လူသုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိပါသည်။ ယခုလ ရာသီပေါ်စာသီးနှံဖြစ်သည့်ခဝဲသီးကိုလည်း ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။

          ယခုမတ်လ ပထမပတ်တွင် ဈေးကွက်အတွင်းဝင်ရောက်လာသော ခဝဲသီးမှာ လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ရှိပြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်နှင့် (၁၁၀၀)ကျပ်ရှိကြောင်း ကုန်စိမ်းဈေးရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)