
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် သည့် ယာကွက်များ၊ ကိုင်းကွင်းများဘေး၌ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လေ့ရှိသော ဆီးချဉ်ပင်များ၊ ဆီးချိုပင်များမှ ထွက်ရှိသည့်ဆီးသီးအစို၊ အခြောက်များနှင့် ဆီးစေ့ များကို ကောက်ယူရောင်းချသူများ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တစ်နှစ်တစ်ခါ ဆီးသီးများထွက်ရှိသည့်အချိန်တွင် ဆီးပင်တစ်ပင်လျှင် အပင်သက်တမ်း အနုအရင့်အလိုက် (၄)တင်းမှ(၁၀)တင်းကျော်ထိ ထွက်ရှိကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ မေလထိ (၄)လနီးပါးခန့် ကောက်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် ဆီးသီးအစိုတစ်တင်းလျှင် ကျပ်(၁၂၀၀၀-၁၂၅၀၀)ဖြင့် ရောင်းချရကြောင်း၊ ဈေးကွက် အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ရောင်းချကြောင်း၊ ထို့ပွဲရုံများမှ တဆင့် မန္တလေးမြို့သို့ တင်ပို့ကြောင်း သိရသည်။ မိမိယာကွက်ဘေးတွင် အလေ့ကျပေါက်သည့်ဆီးပင် များမှထွက်ရှိသည့် ဆီးသီးများကိုရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ အပူပိုင်းဒေသ ယာခင်းများတွင် အလေ့ကျပေါက်သည့် ဆီးပင်တစ်ပင်လျှင် ကျပ်(၅၀၀၀၀မှ ၁၀၀၀၀၀)ကြား အပို ဝင်ငွေရရှိသည့်အတွက် ဆီးပင်(၄-၅)ပင်ရှိသည့်တောင်သူများအတွက် စားဝတ်နေရေးအဆင်ပြေ လျက် ရှိကြောင်း အထက်မင်းလှမြို့၊ အမှတ်(၆)ရပ်ကွက်တွင် နေထိုင်သည့် ဆီးသီးကောက်ယူ ရောင်းချသည့် တောင်သူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)