ပခုက္ကူမြို့နယ်အတွင်း ငရုတ်သီးနှံစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

             မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ငရုတ်သီးနှံကို ကျွန်းဦး၊ ကျွန်းညို၊ ပခုက္ကူကျွန်းများနှင့် မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု ကျေးရွာများတွင် စိုက်ဧက(၂၅၀၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး မျိုးအနေဖြင့်  ပန်းရဲ၊ မျှားနီနှင့် အစပ်သီးအမျိုးမျိုးတို့ကို စိုက်ပျိုးကြကြောင်း သိရသည်။

          ပခုက္ကူမြို့မဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ငရုတ်သီး အစို၊ အခြောက်များ ရောင်းချလျက်ရှိ၍ ဖေဖော်ဝါရီလအတွင်း ငရုတ်သီးအစိုဈေးနှုန်းများ ကျဆင်းပြီး အရောင်းအဝယ်လည်း သွက်လျက် ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ရောင်းချနေသော ငရုတ်သီးအစိုဈေးမှာ ငရုတ်သီး အမျိုး အစားအလိုက် တစ်ပိဿာလျှင် ကျပ်(၈၀၀၀-၁၀၀၀၀)ဖြစ်ပြီး ယခုမတ်လ(ပထမပတ်)တွင် ငရုတ်သီး အစိုဈေးမှာ တစ်ပိဿာလျှင် ကျပ်(၆၀၀၀-၈၀၀၀)ဖြင့် ရောင်းချနေကြောင်း၊ ယခင် ဖေဖော်ဝါရီလ (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့်ကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ငရုတ်သီးခြောက်ဈေးမှာ အမျိုးအစားကိုလိုက်၍ ကျွန်းငရုတ်သီး ခြောက်တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၁၀၀၀၀)၊ ပန်းရဲငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးမှထွက်ရှိသော ငရုတ်သီးခြောက်မှာ တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ငရုတ်သီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငရုတ်သီးအရောင်တင်မှုန့် တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)ဖြင့်ရောင်းချနေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့၊ မိတ္ထီလာနယ်များသို့ တင်ပို့ လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)