
မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျှက်ရှိပါသည်။ ယခင်က ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်တို့မှ ဝင်ရောက်လျှက်ရှိပြီး ယခုအခါ မန္တလေးတိုင်းတွင်းဒေသထွက် ဗမာခရမ်းချဉ်သီး (ခေါ်) ကိုင်းသီးများနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးများ အများအပြား ဝင်ရောက်လျှက်ရှိပါသည်။ ဒေသထွက် ဗမာခရမ်းချဉ်သီးများ ယခုအခါ လှိုင်လှိုင် ထွက်ပေါ်လျှက်ရှိပါသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများကိုလည်း စီးပွားဖြစ်စိုက်ပျိုး လာခြင်းကြောင့် ယခုရာသီတွင် ဗမာခရမ်းချဉ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးများ အပြိုင်ထွက် ပေါ်လာခြင်းဖြစ်ပါသည်။ ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများ သိသိသာသာကျဆင်း လျှက်ရှိပါသည်။ ဇန်နဝါရီလအတွင်း၌ ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်)အင်းသီးတစ်ပိဿာလျှင် (၃၀၀၀/၄၀၀၀)ကျပ်၊ ထိုင်ဝမ်သီးတစ်ပိဿာလျှင်(၂၅၀၀/၃၅၀၀)ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာ လျှင်(၃၀၀၀/၄၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ဖေဖော်ဝါရီ နောက်ဆုံးအပတ်တွင် ခရမ်း ချဉ်သီးဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ပြီး ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးရှမ်းသီး (ခေါ်)အင်းသီးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၀၀၀/၁၂၀၀) ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၂၀၀/၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိ ခဲ့ပါသည်။ ယခု မတ်လဆန်းပိုင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်လက်ကျဆင်းလျှက်ရှိပြီး ခရမ်းချဉ်သီးရှမ်းသီး(ခေါ်) အင်းသီးတစ်ပိဿာလျှင် (၁၂၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာ လျှင်(၈၀၀/၁၀၀၀)ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၀၀၀/၁၂၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
DOCA(မန္တလေး)