
သစ်သီးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့်မိတ္ထီလာခရိုင်တို့မှ ထွက် သည့်ဖရဲသီးများဝင်ရောက်လျက်ရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားဒေသ တို့မှ လည်းဝင်ရောက်ကြောင်းသိရပါတယ်။ပြည်တွင်းစားသုံးမှုများပြားသကဲ့သို့ ပြည်ပတရုတ်နိုင်ငံ စျေးကွက်သို့ နှစ်စဉ်တင်ပို့လျက်ရှိသည့်ဖရဲသီးများအား မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဖရဲသီး(၇၈၀၀)ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ ဖရဲသီးစားသုံးခြင်း ဖြင့် ကျောက်ကပ်ကျန်းမာခြင်း၊နှလုံးကျန်းမာစေခြင်း၊ အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ သွေး ပေါင်ချိန်မှန်စေခြင်း၊အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ အသားအရေဝင်းပစေခြင်း၊ အရိုးကျန်းမာ စေခြင်း၊ ကြွက်သားနာကျင်မှုကို ခုခံပေးခြင်း၊ ပန်နာရောဂါကိုတိုက်ဖျက်ပေးခြင်း၊ အပူရှပ်ခြင်း ကိုကာကွယ်ပေးခြင်း၊ ရေဓာတ်ဖြည့်စွမ်းပေးခြင်း၊ အစာခြေမှုကောင်းမွန်စေခြင်း စသည့်အကျိုး ကျေးဇူးများရရှိနိုင်ကြောင်း သိရပါတယ်။ ဖရဲသီးအားအသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့်စား သောက်ကုန်တို့တွင် ထည့်၍ စားသုံးကြောင်းသိရပါတယ်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသ အသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉လမ်းနှင့် ၃၁လမ်း ကြား၊ ၈၄ လမ်းနေရာရှိ သစ်သီး ပွဲရုံများသို့ဝင်ရောက်ကြောင်းသိရပါတယ်။ စျေးချိုရှိသစ်သီး ပွဲရုံများ မှ ဝယ်ယူ၍ မြို့ပေါ်ရှိ စျေးငယ်များနှင့်အခြားဒေသများသို့ ပြန်လည်ရောင်းချလျက်ရှိ ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်မတ်လပထမပတ်အတွင်း ဖရဲသီးစျေးမှာ တစ်လုံးလျှင် အလုံးကြီး ၅၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ အလုံးလတ် ၃၀၀၀ ကျပ်နှင့် ၄၀၀၀ ကျပ်၊ အလုံးသေး ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း သိရပါတယ်။ ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ၂၀၂၅ ခုနှစ် မတ်လပထမ ပတ်အတွင်း မန္တလေးသစ်သီးစျေးကွက်တွင် ရာသီစာဖရဲသီးများ ဝင်ရောက်မှုများပြားပြီး အရောင်း သွက်လျှက်ရှိကြောင်းသိရပါတယ်။
DOCA(မန္တလေး)