မန္တလေးစတော်ဘယ်ရီသီးစျေးကွက်

Powered by Drupal

          မန္တလေးစျေးကွက်သို့  ပြင်ဦးလွင်ဒေသထွက်စတော်ဘယ်ရီသီးများမတ်လပထမပတ်အတွင်း ဝင်ရောက်မှု များကြောင်း  သိရပါတယ်။ ပြင်ဦးလွင်ဒေသတွင် စိုက်ပျိုးမှုအနေဖြင့်   ဒေသမျိုးစတော် ဘယ်ရီသီး (အလုံးသေး)အချဉ်အရသာ၊စတော်ဘယ်ရီသီး(ထိုင်ဝမ်မျိုး )အကြွပ် သီးအချဉ်အရသာနှင့် စတော်ဘယ်ရီသီး(ဂျပန်မျိုး)ချိုမွှေးအရသာရှိသည့်အသီးတို့စိုက်ပျိုးကြောင်း သိရပါတယ်။ မန္တလေး စျေးကွက်အတွင်းသို့ စတော်ဘယ်ရီသီးဝင်ရောက်မှုမှာ ပြင်ဦးလွင်ဒေသထွက်အသီးနှင့်ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့မှထွက်ရှိသည့်အသီးများဝင်ရောက်ကြောင်း သိရပါတယ်။   စတော်ဘယ်ရီ သီးနှံ အား သီးနှံအတိုင်းစားသုံးခြင်း၊ ‌ယို၊ ဖျော်ရည်၊ ဝိုင်၊ Jum ၊ ဂျယ်လီ၊ ချောကလက်၊ ရေခဲချောင်း၊ ဒိန်ချဉ် တို့နှင့်တွဲဖက်၍ စားသုံးခြင်းတို့အပြင် ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းတို့တွင် ထည့်သွင်းသုံး စွဲကြောင်း သိရပါတယ်။ စတော်ဘယ်ရီသီးကို နှီးခြင်းတောင်းငယ်များဖြင့် ထည့်၍လည်းကောင်း၊ပလပ်စတစ် ဗူးများဖြင့်လည်းကောင်း၊ ပိဿာချိန်ဖြင့် လည်းကောင်း၊ စက္ကူဂျပ်ဖာများဖြင့် လည်းကောင်း  ပုံစံမျိုး စုံဖြင့် ရောင်းချကြောင်း တွေ့ရှိရပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်မတ်လပထမပတ်တွင် တစ်ပိဿာလျှင်  ထိုင်ဝမ် မျိုးစတော်ဘယ်ရီ  အချဉ်သီး လက္ကားစျေး ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-စျေး၊ လက်လီစျေး  ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊   ဂျပန်မျိုးစတော် ဘယ်ရီချိုမွှေးသီး လက္ကားစျေး ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊လက်လီစျေး ၁၄၅၀ဝိ/- နှင့်၁၆၀၀ဝိ/-  တို့ ဖြစ်ပြီး၊ ဒေသမျိုးအလုံး သေးစတော် ဘယ် ရီသီးနှီးခြင်း  ၁၀ ခုလျှင် ၁၃၀၀ဝိ/-နှင့်၁၅၀၀ဝိ/-စျေး၊လက်လီစျေး ၁၅၀၀ဝိ/- နှင့် ၁၈၀၀ဝိ/- တို့ဖြင့် ရောင်းချကြောင်း သိရပါတယ်။ ပွင်းလင်းရာသီရောက်ပြီဖြစ်၍ မန္တလေးစျေးကွက်အတွင်း စတော် ဘယ်ရီသီး ဝင်ရောက်မှုများပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)