အရောင်းသွက်သည့်ငှက်ပျောသီး

Powered by Drupal

          တပေါင်းလရာသီချိန်ဖြစ်၍ ငှက်ပျောသီးများစျေးကွက်အတွင်း ဝင်ရောက်မှုများပြီး အရောင်း သွက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ငှက်ပျောသီးအများအပြားစိုက်ပျိုးကြောင်း သိရပါ တယ်။ ဖီးကြမ်း၊  သီးမွှေး၊  ရခိုင်၊ ငှက်ပျောချဉ်နှင့်ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများ ဆုံး တွေ့ရှိရ ပါတယ်။ ငှက်ပျောသီး သီးနှံကို အဟာရဓါတ်စာ၊ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်  ထည့်သွင်းသုံးစွဲခြင်း၊ ဘုရားပွဲနှင့်မိရိုးဖလာကန်တော့ပွဲများတွင်  သုံးစွဲကြောင်း သိရပါတယ်။ မတ္တရာ မြို့နယ်ထွက်သည့်ငှက်ပျောသီးမှာ အခွံထူပြီး၊အရသာမှာ အချိုဓါတ်အနည်း ငယ်လျော့ ကြောင်းနှင့် ကျောက်ဆည်မှထွက်သည့်ငှက်ပျောသီးမှာ အခွံပါးပြီး၊အချိုဓါတ်များကြောင်း သိရပါတယ်။ ဖီးကြမ်း၊ သီးမွှေးနှင့် ရခိုင်ငှက်ပျောသီးများကို  ဘုရားပွဲနှင့်  မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ ကန်တော့ပွဲ တစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့်သုံးစွဲသည့်ငှက်ပျောခိုင်အရေအတွက်အလိုက်၊ အလုံးအရွယ်အစား အလိုက် စျေးနှုန်းအမျိုးမျိုး ရောင်းချကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်မတ်လပထမပတ်အတွင်း စျေးကွက်အတွင်း ရောင်းချသည့် ငှက်ပျောဖီးစျေးနှုန်းများအနေဖြင့် တစ်ဖီးလျင်ဖီးကြမ်း(အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- စျေး၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/- စျေး၊သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-စျေး၊(တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-စျေး၊ ရခိုင်ငှက်ပျောသီးနှင့်ငှက်ပျော ချဉ်သီးမှာ ၁၅၀ဝ/-နှင့်၂၀၀ဝိ/-စျေး၊ ရွှေနီငှက်ပျောသီး(တောင်ငူသီး)မှာ၅၀၀ဝိ/-နှင့်၈၀၀ဝိ/-စျေး အသီးသီးဖြစ်ပေါ်လျက်ကြောင်း သိရပါတယ်။ တပေါင်းလရာသီချိန်အတွင်း ကန်တော့ပွဲတွင် သုံးစွဲ သည့်ငှက်ပျောဖီးအရေတွက်အလိုက် စျေးကွာခြားမှုရှိပြီး တစ်ပွဲလျှင် ၁၀၀၀ဝိ/-၊ ၁၅၀၀ဝိ/- နှင့် ၂၅၀၀ဝိ/-တို့ဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ 

DOCA(မန္တလေး)