
မတ်လပထမပတ်အတွင်းမန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက် သည့်မတ်ပဲ သီးနှံများဝင်ရောက်လာကြောင်းသိရပါတယ်။ ပဲမျိုးစုံအနက် မတ်ပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် မတ်ပဲသီးနှံစိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက်နှုန်း (၁၂.၆၅)တင်း နှင့်အထွက် (၁၃၂၇၀၉)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း တွင် ၂၀၂၅ခုနှစ်မတ်လပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိ သောပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင် မတ်ပဲ(ကောင်း)၂၇၀၀၀၀ ကျပ်နှင့် ၂၇၇၀၀၀ ကျပ်၊ မတ်ပဲ(ကျောက်စရစ်) ၂၈၀၀၀၀ကျပ်နှင့်၂၈၁၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ မတ်ပဲ(ကောင်း) ၄၅၀၀ကျပ်နှင့် ၄၆၁၇ကျပ်၊မတ်ပဲ(ကျောက်စရစ်)၄၆၆၇ ကျပ်နှင့်၄၆၈၃ ကျပ်တို့ဖြစ် ကြောင်း သိရ ပါတယ်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ(ကောင်း) ၂၇၅၀၀၀ ကျပ်နှင့် ၂၈၀၀၀၀ ကျပ်၊တစ်ပိဿာ စျေးမှာ ၄၅၈၃ ကျပ်နှင့် ၄၆၆၇ ကျပ် ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ် စျေးနှင့်ယခင်နှစ်စျေးနှိုင်းယှဉ်ပါက မတ်ပဲပေါက်စျေးအနည်းငယ်လျော့နည်းသွား ကြောင်းသိရ ပါတယ်။ မတ်ပဲဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ်ပြောင်း လဲမှုရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)