
မတ်လပထမပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းမျိုးစုံစျေးကွက်တွင် ထောပတ် ပဲစိမ်း၊ပဲကြီး၊ စားတော်ပဲစိမ်း၊ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ပဲစာဥ၊နွေပဲသီးတို့နှင့်အတူ ရွှေပဲသီးများ ဝင်ရောက်မှု များပြား လျက်ရှိပါတယ်။ လက်ကားရောင်းချသည့် ၄၁လမ်းဈေးနှင့် သီရိမာလာဈေးတို့တွင် မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသတို့မှ ထွက်ရှိသော ကုန်စိမ်းဝင်ရောက်မှုများပြီး ကျန်ဒေသများမှလည်း ကုန်စိမ်းအနည်းငယ် ဝင်ရောက်ကြောင်း သိရ ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လပထမပတ်အတွင်း ပေါက်စျေးအနေဖြင့် ရွှေပဲသီးတောင့်တစ်ပိဿာလျှင် လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊ ရွှေပဲသီး အရွက်(၁၀ စည်းပါ)တစ်စည်းလျှင် လက္ကားစျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ပထမပတ်အတွင်း ကုန်စိမ်းစျေးကွက်တွင် ရွှေပဲသီးမှာ အရောင်းသွက်လျက်ရှိကြောင်း ဈေးသည် တစ်ဦးထံမှ သိရပါတယ်။
DOCA(မန္တလေး)