ပြည်ခရိုင်၏စပါး/ ဆန်ဈေးနှုန်းနှင့်တင်ပို့နိုင်မှု

Powered by Drupal

          ပြည်ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်နေသော စပါးအမျိုးအစားများမှာ မှော်ဘီစပါး စပါး(၄၀)ပေါင် တင်း(၁၀၀)လျှင် (၁၈၄၀၀၀၀)ကျပ်၊ ရတနာတိုး (၄၆)ပေါင် တင်း(၁၀၀) လျှင်(၁၆၅၆၀၀၀)ကျပ်၊ ကရင်မစပါးမှာ (၁၇၄၈၀၀၀)လျှင် နှံကောင်စပါးမှာ (၁၅၆၄၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိပါသည်။

            ဆန်ဈေးများအနေဖြင့် ရတနာတိုးဆန်သစ်တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ မှော်ဘီဆန် (၁၅)မှတ်ဆန်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ မှော်ဘီ (၂၅)မှတ်ဆန်တစ်အိတ်လျှင် (၇၀၀၀၀)ကျပ်၊ နှံကောင်ဆန်သစ် တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်၊ ကရင်မဆန်တစ်အိတ်လျှင် (၇၀၀၀၀)ကျပ်၊ ဆင်းသွယ်တစ်အိတ်လျှင် (၇၃၀၀၀)ကျပ်၊ ရိုးနီသစ်တစ်အိတ်လျှင် (၁၀၀၀၀၀)ကျပ်၊ မနောသုခ (အသစ်)တစ်အိတ်လျှင် (၆၉၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ရှိပါသည်။ ဆန်စီး ဆင်းမှုအနေဖြင့် ပြည်ခရိုင်မှ ရန်ကုန်သို့ တစ်ပတ်လျှင် အိတ်ရေ (၂၀၀၀)ခန့်တင်ပို့မှုရှိပြီး၊ မကွေးတိုင်းဒေသကြီးသို့တစ်ပတ်လျှင် အိတ်(၅၀၀၀)ခန့်စီးထွက်မှုရှိပြီး ပေါ်ဆန်းဧရာပဒေသာ၊ ပခမ်းဆန်များမှာတော့ ဧရာဝတီတိုင်းဒေသကြီး မှစီးဝင်မှုရှိပါသည်။ ဧရာဝတီတိုင်းမှ ပြည်သို့ တစ်ပတ်အတွင်းဆန်အိတ်ရေ (၂၅၀)ခန့်ဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)