
ပြည်ကုန်စည်ဒိုင်၏ဖေဖော်ဝါရီလတွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲသစ်များလည်း ပေါ်စပြုနေပြီး ပဲသစ်နှင့် ပဲဟောင်းအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ဖေဖော်ဝါရီလ ပထမပတ်တွင် ပတ်ပဲတစ်တင်းကို (၉၆၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၂၀၀-၃၀၀)ခန့် အရောင်းအဝယ်ဖြစ်ပါသည်။ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၉၄၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၃၀၀)ခန့် ရှိပါသည်။ ဖေဖော်ဝါရီလ တတိယပတ်တွင် မတ်ပဲတစ်တင်းကို (၉၂၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၂၅၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် မတ်ပဲသစ်များအဝင်ရှိပြီး တစ်တင်းကို (၉၂၅၀၀-၉၃၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့် ရှိပါသည်။
ဖေဖော်ဝါရီလ ပထမပတ်တွင် ပဲစင်းငုံ တစ်တင်းကို (၉၁၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၄၀၀)ခန့်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲစင်းငုံ တစ်တင်းကို (၉၁၀၀၀)ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၃၅၀)ခန့်အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲစင်းငုံ တစ်တင်းကို (၉၁၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံ တစ်တင်းကို (၉၇၅၀၀-၉၈၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါသည်။
ဖေဖော်ဝါရီလ ပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၉၆၀၀၀-၉၇၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ(HL) ပဲသစ်များအဝင်ရှိလာပြီး တစ်တင်းကို (၈၀၀၀၀-၈၁၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းကို (၈၄၀၀၀-၈၅၀၀၀)ကျပ်ဖြင့် ဈေးစဖွင့်ပြီး တစ်ရက်ကိုအိတ်(၄၀၀)ခန့် မြို့တွင်းအရောင်းအဝယ် ရှိပါသည်။ တတိယပတ်တွင် ကုလားပဲ(HL) အဟောင်း တစ်တင်းကို (၈၅၀၀၀)ကျပ်၊ မြကြေးမှုံသစ် တစ်တင်းကို (၈၅၀၀၀-၈၆၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို အိတ်(၃၀၀)ခန့် အရောင်းအဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၈၄၀၀၀-၈၅၀၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို (၈၈၀၀၀)ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၄၀၀)ခန့် အဝယ်ရှိပါသည်။
ဖေဖော်ဝါရီလ ပထမပတ်တွင် ပဲကြီး (ရွှေကျွမ်း)တစ်တင်းကို (၈၅၀၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို (၈၀၀၀၀)ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်ကို အိတ်(၃၀၀)ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွမ်း)တစ်တင်းကို (၈၅၀၀၀၀)ကျပ်၊ ကုန်းပဲတစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့် အဝယ်ရှိပါ သည်။ တတိယပတ်တွင် ပဲကြီး(ရွှေကျွမ်း)တစ်တင်းကို (၈၅၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို (၈၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၃၀၀)ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွမ်း)တစ်တင်းကို (၈၆၀၀၀)ကျပ်၊ ကုန်းပဲ တစ်တင်းကို (၈၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၄၀၀)ခန့် အဝယ်ရှိပါသည်။
ဖေဖော်ဝါရီလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၈၀၀၀၀-၈၁၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၁၀၀-၁၅၀)ခန့် ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲ တစ်တင်းကို (၇၇၀၀၀-၇၈၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၁၅၀)ခန့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်တစ်တင်းကိူ (၇၇၀၀၀-၇၈၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၇၇၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို အိတ်(၁၀၀-၁၅၀)ခန့် အဝယ်ရှိပါသည်။
ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးမှာ ယခင်လကထက် အနည်းငယ်ကျနေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)