
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့သစ်ဈေးတွင် ရောင်းချနေသော ပြောင်းဖူးများကို ပုတီးကုန်း၊ သဲကုန်းမြို့များမှ ရထားနှင့်သော်လည်းကောင်း၊ ကားများဖြင့်သော်လည်းကောင်း၊ ပြည်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ၊ တောင်ခွေးရဲကျေးရွာများတွင် လည်း အများဆုံးစိုက်ပျိုးရောင်းချနေကြောင်း သိရပါသည်။ ထွက်ရှိလာသော ပြောင်းဖူးများကို ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။
ပြောင်းဖူးဆိုတာက မီးကင်စားစား၊ ဟင်းရည်ပဲ ချက်သောက်သောက်၊ အသားစွပ်ပြုတ် တွေထဲပဲထည့်ထည့်၊ ကြော်ပဲစားစား၊ လက်ဖက်နှင့်လည်း စားစား သုတ်စားကြသည်။ စားလို့ကောင်းတဲ့ အစားအစာတစ်မျိုးဖြစ်ပါသည်။ အာဟာရပြည့်ဝသလို စားလို့လည်းကောင်းတဲ့ ပြောင်းဖူးကို စားသုံးသူများက ရာသီစာအဖြစ် စားသုံးကြကြောင်းသိရသည်။
ပြောင်းဖူးမှာ ဗီတာင် B1၊ B3၊ B6 တို့ ပါဝင်နေတာကြောင့် စားလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ထိထိရောက်ရောက် ပြောင်းလဲပေးနိုင်ပြီး ဦးနှောက်၊ ကိုယ်ခံအား နဲ့ အာရုံကြောစနစ်တွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ မြို့သစ်ဈေးတွင် ပုတီးကုန်းပြောင်းဖူးအစိမ်း တစ်ဖူးလျှင် (၇၀၀)ကျပ်၊ သကြားပြောင်း (ခ) ပြောင်းဝါစိမ်း အဖူးကြီး တစ်ဖူးလျှင် (၁၀၀၀)ကျပ်၊ အသေးတစ်ဖူးလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်းသိရသည်။ ပြည် - ရန်ကုန် ရထားပေါ်တွင်လည်း ပြောင်းဖူးပြုတ်များကို စားသုံးသူ ခရီးသည်များက ဝယ်ယူစားသုံးမှုကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)