ဘူးသီး၊ ဘူးညွန့်ဈေးကွက်

Powered by Drupal

           ဘူးသီး၊  ဘူးညွန့်များသည် စားသုံးသူများပြားသည့်  သီးနှံဖြစ်သည်။ ရာသီပေါ်သီးနှံ ဖြစ်သည့်ဘူးသီးများကို ခရမ်းချဉ်သီးနှင့် ချဉ်ရည်ဟင်းချက်ပြုတ်၍စားသောက်ခြင်း၊ ဘူးသီးနှင့်ပဲပုဇွန်ခြောက်၊ ဘူးသီးနှင့်ကြက်သားတို့ရောပြီးကြက်ဘူးသီးဟင်းများကိုနှစ်သက်စွာချက်စားကြသည်။အကြော်ဆိုင်များတွင်လည်း ဘူးသီးကြော်များ ရောင်းချကြ၍ ဝယ်ယူမှုများသောကြောင့် စိုက်ပျိုးရောင်းချ သူများအတွက်လည်း ဝင်ငွေရရှိစေပါသည်။ ဘူးပင်မှရသော အညွန့်များကိုလည်း ကြော်ချက်၍ စားကြသလို တို့စရာအဖြစ်လည်း စားသုံးကြပါသည်။ ယခုအခါ ဘူးသီးများကို အလုံးအကြီး အသေးအပေါ်မူတည်၍ ၁၅၀၀ကျပ်၊၂၀၀၀ကျပ် စသည်ဖြင့် ရောင်းချကြပြီး ဘူးညွန့်များကို တစ်စည်းလျှင် ၃၀၀ကျပ်၊ ၈၀၀ကျပ် အသေးအကြီးအစည်းများပေါ်မူတည်၍ ရောင်းချလျက်ရှိ ပြီး တို့စရာအဖြစ် ဘူးသီးပုတ်အသီးကင်းများပါ တစ်စည်းကို၃၀၀/ကျပ်တို့ဖြင့် ဝယ်ယူရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)