ရာသီစာတစ်ခုဖြစ်သော ဖရဲသီး

Powered by Drupal

         လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကွက်အတွင်း  ဝင်ရောက်လသစ်သီးဝလံများဖြစ်တဲ့   စပျစ်သီး၊ ပန်းသီး၊ လိမ်မ္မော်သီး၊ မာလကာသီးများသည် မန္တလေး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှ အများဆုံးဝင်ရောက်ကြောင်း သိရှိရသည်။  ပူပြင်းရာသီ ရောက်လာပြီဖြစ်၍ ရာသီစာတစ်ခုဖြစ်သော  ဖရဲသီး၏ အဟာရတန်ဖိုးနှင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများမှာ ဖရဲသီးသည် အရည်ရွှမ်းသောအသီးဖြစ်၍ ရေဓါတ် (၉၂ %) ပါဝင်ပြီး  အခြားအဟာရများလည်း ဗီတာမင်အေ၊ ဗီတာမင်ဘီစစ်၊ ဗီတာမင်စီ၊ လိုင်ကိုပင်း၊ အင်တီအောက်ဆီဒင့်နှင့် အမိုင်နိုအက်ဆစ်များစွာပါဝင်ပါသည်။ ပိုတက်စီယမ် အသင့်အတင့်လည်းပါဝင်ပြီး၊ အဆီဓာတ်မပါဝင်ခြင်း၊ ဆိုဒီယမ်ပမာဏ နည်းပါးခြင်းနှင့် ဖရဲသီးဖျော်ရည် တစ်ခွက် လျှင် (၄၀) ကယ်လိုရီသာပါဝင်ကြောင်း သိရပါသည်။

            ယခု မတ်လ ပထမပတ်တွင်  သီရိမင်္ဂလာဈေးအတွင်းရောင်းချနေသော ဖရဲသီးဈေးနှုန်းမှာ  အရွယ်အစားလိုက်၍  အသေး (၁) လုံးလျှင် ကျပ် ၄၀၀၀၊  အလတ် (၁) လုံးလျှင် ကျပ် ၆၀၀၀၊  အကြီး(၁) လုံးလျှင် (၈၀၀၀)ကျပ်ဖြင့် အသီးသီးဈေးနှုန်းပေါက်လျက်ရှိကြောင်း သစ်သီးဝလံရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)