ပခုက္ကူမြို့တွင် ဒေသထွက်ခရမ်းချဉ်သီးများ ဈေးဆက်လက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

             မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများအပြင် ဒေသထွက် ခရမ်းချဉ်သီးများလည်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရသည်။ ဗမာခရမ်း ချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည် အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူ စားသုံးမှု နည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီးအထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ် ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရှိရသည်။

           ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ခရမ်းချဉ်သီးဈေး ဆက်လက်ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၃၅၀-၄၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင် ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၆၀၀-၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ တစ်ပတ်အတွင်း ခရမ်းချဉ်သီး တစ်ပိဿာ လျှင် ကျပ်(၃၀၀)ခန့် ဈေးကျဆင်းကြောင်း၊ ယခုရာသီတွင် ဒေသတွင်းစိုက်ခင်းများမှ ခရမ်းချဉ်သီး လှိုင်လှိုင်ထွက်ရှိ၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများခြင်းအပြင် အခြားကုန်စိမ်းသီးနှံများလည်း ကုန်ဝင်ရောက်မှုများခြင်းကြောင့် ဈေးကျဆင်းကြောင်း ပခုက္ကူမြို့ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မ‌ကွေး)