
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပခုက္ကူကျွန်း၊ ဘောလုံးခုံ၊ လေးလံကျွန်း၊ မြင်းကျွန်း၊ ကုက္ကိုလ်လှ၊ သင်္ဘောကုန်း၊ ရွာသစ်ကုန်း ကျေးရွာများတွင် (ကျွန်း)ပဲသီးကို သီးညှပ်စိုက်ပျိုးခြင်းအပြင် မြစ်ခြေ၊ ကမ္မမြို့တို့တွင် အဓိကစိုက်ပျိုးကြပါသည်။ ဒေသထွက်ပဲသီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ပခုက္ကူကုန်စိမ်းသီးနှံဈေးကွက်သို့ ကျွန်းပဲသီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး နေ့စဉ်ကုန်ချိန် ပိဿာ(၂၀၀၀)ခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ပဲသီးအရည်အသွေးနှင့် လတ်ဆတ်မှုပေါ်မူတည်၍ (ကျွန်း)ပဲသီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၁၅၀၀)ဈေးရှိပြီး ယခင် ဖေဖော်ဝါရီ (စတုတ္ထ ပတ်)တွင် ပဲသီးတစ်ပိဿာလျှင် ကျပ်(၁၅၀၀ မှ ၁၂၀၀)ဖြစ်၍ ယခင် ဖေဖော်ဝါရီ (စတုတ္ထပတ်)နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက တစ်ပတ်အတွင်း ပဲသီး တစ်ပိဿာလျှင် ကျပ်(၃၀၀-၅၀၀)ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဈေးကွက်သို့ ဒေသထွက်ပဲသီးများ ဝင်ရောက်မှုနည်းခြင်း ကြောင့် ဈေးတက်ကြောင်း ကုန်စိမ်းသီးနှံဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)