
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ(ခ)ဥနီကို တစ်ပိုင်တစ်နိုင် မိသားစုအိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင်သာ စိုက်ပျိုးကြပြီး မိမိတို့ဒေသတွင်း ကျေးရွာများနှင့် ထားဝယ်မြို့ပေါ်ရှိ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြသလို ရန်ကုန်၊ မန္တလေး ပွဲရုံများမှလည်း မှာယူရောင်းချကြပါသည်။
ခါကြက်ဥကို အသုပ်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကော်ပြန်ဆိုင်များနှင့် အကင်ဆိုင်များမှ အသုံးပြုမှုများပြီး မရှိမဖြစ်အရောင်းအဝယ်ဖြစ်နေသော သီးနှံတစ်မျိုးဖြစ်ပါသည်။ယခု ၂၀၂၅ ခုနှစ်၊ မတ်တွင် ဖြစ်ပေါ်နေသော ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ ဥကြီး တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ၂၅ကျပ်သားလျှင်(၁၀၀၀) ကျပ်၊ ခါကြက်ဥသေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် ၂၅ကျပ်သားလျှင် (၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူသူများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)