
တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။ ပြည်တွင်းတွင် ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရိတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုပြီး ပဲခူးတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင်လည် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီးမှ ယခုအပတ်အတွင်း ရော်ဘာစျေးနှုန်းအခြေအနေမှာ RSS-3 တစ်ပေါင်လျှင် (၃၀၅၀/-) ကျပ်နှင့် RSS-5 တစ်ပေါင်လျှင် (၂၉၅၀/-) ကျပ်စျေးနှုန်းရှိကြောင်း သိရှိရပါသည်။ သို့ပါ၍ ယခင်ပတ်စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် စျေးနှုန်းအနည်းငယ် မြှင့်တက်လျက်ရှိပြီး ထားဝယ်တွင် ရော်ဘာစျေးနှုန်းအနေဖြင့် တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)